ဇိုမီး တိုင်းရင်းသားများနှင့် ဇိုမီး တပ်မတော် အတွက် တီးတိန်ခရိုင် နှင့် ကလေးကဘော်၊ ဇိုမီး တပ်မတော် သည် အိန္ဒိယနိုင်ငံ, မဏိပူရပြည်နယ်ကို အခြေပြု၍ ၁၉၉၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ တွင် ဇိုမီးပြန်လည်ပေါင်းစည်းရေးအဖွဲ့၊ Zomi Re-Unification Organization (ZRO) ဖွဲ့စည်းထူထောင်ခဲ့ပြီး၊ မြန်မာနိုင်ငံ ၁၉၈၈ အရေးခင်းကနေ ဇိုမီး ကျောင်းသား တချို့နှင့် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမတ် ဦး ထန်လျန်းပေါင် (ZCD) က ၁၉၉၈ ခုနှစ်တွင် ပူးပေါင်း ပါဝင်လာကြသည်။

စတင် ဖွဲ့စည်းစဉ်က အိန္ဒိယ, ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံရှိ ဇိုမီး မျိုးနွယ်စုများ အတွက် ဇိုဂမ် တည်ထောင်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်၊ သုံးနိုင်ငံရှိ ဇိုမီး နွယ်စုများ ပူးပေါင်းရန် အခက်အခဲ များစွာ ကြုံတွေ့လာသောအခါ ဇိုမီး တပ်မတော် (မြန်မာ) ကို ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်ခရိုင်, တွန်းဇံ မြို့နယ် ဧလိယစခန်းတွင် ၂၀၂၃ မတ် ၁ရက်နေ့ တွင် စတင်ဖွဲ့စည်းလာကြသည်။ ဇိုမီး လူမျိုးများ၏ ဇိုမီး ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိနိုင်ရန်နှင့် မြန်မာနိုင်ငံတွင် လွတ်လပ်သော ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ထောင်နိုင်ရန် ဇိုမီး တပ်မတော် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဇိုမီး နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (Zomi Political Coordination Council)(ZPCC)၏ စစ်ရေးလက်တံသည် ဇိုမီး တပ်မတော်(ZRAEC) ဖြစ်ပါသည်။  ဖေဖဝါရီလ ၁၇-၁၉/၂၀၁၉ ဇိုမီး နိုင်ငံတကာ အစည်းအဝေး (Zomi International Conference -ZIC ) ကွာလာလမ်ပူမြို့, မလေးရှားတွင် ကျင်းပပြီး၊ ဇိုမီး တပ်မတော်(ZRAEC) ကို မြန်မာနိုင်ငံရှိ ဇိုမီးများ ကာကွယ် စောင့်ရှော်ရန်-
၁။ ဇိုမီးပြန်လည်ပေါင်းစည်းရေးအဖွဲ့ Zomi Re-Unification Organization (ZRO)၊
၂။ ဇိုမီးအမျိုးသားကွန်ဂရက် (ZNC)
၃။ ဇိုမီးလူ့အခွင့်အရေးဖောင်ဒေးရှင်း (ZHRF)၊
၄။ ဇိုမီး ကျောင်းသားနှင့် လူငယ်များအဖွဲ့ (ZSYO)၊
၅။ ဇိုမီးအမျိုးသမီးအစည်းအရုံး (ZWU)၊
၆။ ဇိုမီးဒုက္ခသည်ကော်မတီ (ZRC)၊
၇။ ဇိုမီးသတင်းပြန်ကြားရေးဌာန (ZIC)
၈။ ကမ္ဘာ့ ဇိုမီး မိသားစု Leitungbup Zomi Innkuan (LZI)
၉။ ကမ္ဘာ့ ဇိုမီးကွန်ဂရက် (WZC) တို့နှင့် ပူးပေါင်း အသိအမှတ် ပြုခဲ့ကြသည်။

ဇိုမီး နိုင်ငံတကာ အစည်းအဝေး (Zomi International Conference -ZIC ) ကွာလာလမ်ပူမြို့, မလေးရှားတွင် ကျင်းပခဲ့တဲ့ ရည်ရွယ်ချက် ဖြစ်သော ဇိုမီးများအတွက် စည်းလုံးညီညွတ်မှု၊သာယာဝပြောမှုနှင့် ဇိုဂမ် ဒေသ ရပ်ရွာ၏ လက်ရှိလိုအပ်ချက်များနှင့် အနာဂတ်လမ်းညွှန်ချက်များကို ဖြေရှင်းရန်အတွက် အဓိက ရေးဆွဲထားသော ဇိုမီး ပဋိညာဉ် (Zogam Charter ) ကိုလဲ စက်တင်ဘာ ၁၈/၂၀၂၁ တွင် ထုတ်ဝေနိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံ အတွင်းလှုပ်ရှားကြသော ဇိုမီး တပ်မတော်(ZRAEC) နှင့် လက်တွဲရန် ဇိုမီး နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (ZPCC)/ Zomi Political Coordination Council (ZPCC ) ကို မေလ ၂၈/၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး၊ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး တို့ကိုရှေ့တန်းတင်လာပါသည်။

ဇိုမီးများ နေထိုင်ကြသော တီးတိန်ခရိုင်နှင့် ကလေးကဘော် တွင် လှုပ်ရှားလာခဲ့ရာ ချင်းအမျိုးသားတပ်ဦး(CNF/A) ရဲ့ လိမ်လည် ဖြောင့်ဖျက်မူ ကြောင်း အချင်းချင်း သဘောထားကွဲလွဲခြင်းကနေ PDF-Zoland ပေါ်ပေါက်လာခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဇိုမီး တပ်မတော် (ZRAEC) သည် မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ NLD အစိုးရကို ဖြုတ်ချ လိုက်ခြင်းကြောင့် ပြောင်းလဲလာသော နိုင်ငံရေး အခင်းအကျင်းကြီးထဲမှာ အင်အားကို ပိုမို ကြီးထွားအောင် တည်ဆောက် နိုင်ရန် ကြိုးပမ်းရင်း၊ ဇိုမီး ဒေသကာကွယ် စောင့်ရှောက် နိုင်ရန် ကြိုးစား နေပါသည်။

ဇိုမီးများ နေထိုင်ကြသော ဒေသထိန်းချုပ်ရန် အာရုံစိုက်ရခြင်းမှာ၊
(၁) ဇိုမီးများ နေထိုင်သော ဒေသကို ထိန်းချုပ်နိုင်ပြီးနောက် ကာကွယ်ထားနိုင်ရေး၊
(၂) သယံဇာတ ရှိသော မြွေတောင် စောင့်ရှောက် နိုင်ရေး၊
(၃) ဇိုမီး ဒေသအတွင်း အိန္ဒိယနယ်စပ် ထွက်ပေါက် လမ်းပန်း ဆက်သွယ်ရေး၊ ကုန်သွယ်ရေးများ ကျယ်ပြန့်စွာ တည်ဆောက် နိုင်ရေး၊
(၄) မြန်မာနိုင်ငံ အစိုးရ နှင့် ဆွေးနွေးရေးတွင် အခွင့်ရရှိရေး တို့ ဖြစ်သည်။

ထို့ကြောင့် ဇိုမီး တိုင်းရင်းသားများနှင့် ဇိုမီး တပ်မတော် အတွက် တီးတိန်ခရိုင် နှင့် ကလေးကဘော်ကို ဇိုမီး ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိနိုင်ရန်နှင့် မြန်မာနိုင်ငံတွင် လွတ်လပ်သော ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ထောင်နိုင်ရန် ဇိုမီး တပ်မတော်က ကြိုးစားနေခြင်း ဖြစ်သည်။