လူမျိုးတစ်မျိုးဆိုတာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဘာသာစကား စသဖြင့် သီးခြား ရှိနေရပါမည်။ ချင်းပြည်နယ်သည် ဒေသ နယ်မြေ၊ နာမည် တစ်ခုသာဖြစ်ပြီး၊ သီးသန့် ချင်းလူမျိုးဆိုတာ မရှိပေ။ ဒီဘက်ခေတ် မျိုးနွယ် တစ်စုက ချင်းလူမျိုးဟု ခံယူထားဌားသော်လည်း ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုများ သီးသန့် မရှိခြင်း၊ တခြားစီဖြစ်နေခြင်း၊ ကွဲပြားခြင်းများကြောင့် ချင်းလူမျိုးမရှိကြောင့် သက်သေထူပြခဲ့သည်။ ဒါကြောင့် ချင်းပြည်နယ်တွင် နေထိုင်ကြသော မျိုးနွယ်စုများသည် ဇိုမျိုးနွယ်စု (Zosuan) များသာ ဖြစ်ကြသည်။
ထို အချက်အလက်များထဲမှ တစ်ခုခု ပျောက်ကွယ်သွားခဲ့လျှင် ထိုလူမျိုးစုသည် သီးခြားလူမျိုးတစ်မျိုးအဖြစ်ရပ်တည်ရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။ အားကြီးသော မျိုးနွယ်စုထဲတွင် ပျောက်ကွယ်သွားမည်မှာ သေချာနေတယ်။
ထို့ကြောင့် ချင်းအဖြစ် ပေါင်းစည်းကြရင် အကောင်းဆုံးဖြစ်ပြီး၊ လူမျိုးစု ဘုံစကား မတူကြသော်လည်း အတူတကွ နေထိုင်စားသောက်ပြီး ချင်းပြည်နယ် ဘုံစကား၊ ချင်းလူမျိုးအဖြစ် နေထိုင်ကြမည်ဆိုပါက လူမျိုးတစုရဲ့ ဪဇာ အောက်တွင် နေထိုင်မည့် တပါတီစနစ် ဖြစ်လာနိုင်ပါတယ် ဒါကြောင်း တခြားလူမျိုးစုများ မျိုးပျောက်သွားမည်ဖြစ်သည်။
မိမိအမျိုးအနွယ်ကို မစောင့်ထိန်းဘဲ တွေ့သမျှ လူမျိုးဘာသာမရွေး အိမ်ထောင်သားမွေးနေပါက ထိုလူမျိုးသည်လည်း အလျင်အမြန် ပျောက်ကွယ်တော့မည်ဖြစ်သည်၊ သို့အတွက် လူမျိုးတစ်မျိုးအဖြစ် ထာဝရ ရပ်တည်ရှင်သန်စေလိုလျှင် ထိုအချက် သုံးချက်ကိုမဖြစ်မနေတည်ရှိထိန်းသိမ်းရမည့်အပြင် အရေးအကြီးဆုံးဖြစ်သည့် အမျိုးအနွယ်စောင့်ထိန်းခြင်း(လူမျိုးခြားကိုမယူခြင်း)ကို အထူးဂရုပြု၍ ထိန်းသိမ်းရပါမယ်။
ကျနော်တို့ ချင်းပြည်နယ်မှာ ချင်းလူမျိုး၊ ချင်းယဉ်ကျေးမှု၊ချင်းဘာသာစကား ဆိုတာ ယခုထိမရှိသေးပါဘူး အခုမှဘဲ ငါတို့စကား ငါတို့စာပေ ယဉ်ကျေးမှုဟာ ချင်းစကား ချင်းစာပေယဉ်ကျေးမှု ဖြစ်နိုင်ရန် ကြိုးပမ်းကြနေတဲ့ လူမျိုးမျိုး ရဲ့ စိတ်ဓာတ်ဟာ လူမျိုးပပျောက်နိုင်ရန် ကြိုးစားနေခြင်းသာဖြစ်သည်။
အနောက်နိုင်ငံတွင် ပြည်နယ်နာမည်နှင့် လူမျိုးတခြားစီဖြစ်ပါတယ်၊ ပြည်နယ်တခုတွင် လူမျိုးအများကြီး အတူတကွ နေထိုပြီး သူတို့ရဲ့ လူမျိုးဘာသာစကား ယဉ်ကျေးမှု ကအစ ရိုသေလေးစားဘို့ လိုအပ်ပါသည်။
ရိုသေလေးစားမူ မရှိသည့်အခါ လူ့အတွေး အခေါ်ကြောင်း လူမျိုးတမျိုး နှင့် တမျိုး ဝါးမျိုရေးစနစ် ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ထို့ကြောင့် တချို့ နေရာတွေမှာအားနည်း တဲ့ လူမျိုးစုများဟာ အားကြီးတဲ့ လူမျိုးကြီးတွေရဲ့ ဝါးမျိုခြင်းကို တနည်း နည်းနဲ့ ခံနေကြရပါတယ်။ ဒီစနစ်ကို ချင်းပြည်နယ်မှာ ကျင့်သုံးတဲ့ ဆိုရှယ်လစ် စနစ်ကနေ ဆင်းသက်လာသော အယူဝါဒစနစ် ဖြစ်သည်။
မြန်မာအပါအဝင် တကမ္ဘာလုံးမှာကြုံနေရတဲ့ ပြဿနာတစ်ခုပါ။ နောက်တစ်ချက်က ကိုယ်တိုင် မျိုးချစ်စိတ်အားနည်းခြင်းကြောင့်လည်းဖြစ်ပါတယ်။ တချို့တွေဟာ တစ်ခြားလူမျိုးများရဲ့ ကဲ့ရဲ့ရှုပ်ချခြင်း ခံရမှာစိုး၍ တစ်ခြားလူမျိုးစကားကိုသာပြောဆိုနေခြင်း၊ တခြားလူမျိုးအဖြစ် မသိမသာခံယူသွားကြခြင်းကြောင့်ဖြစ်ပါတယ်။
နောက်တခု က inter- marriage ကြောင့်ပါ။ male ဖြစ်ဖြစ် female ဖြစ်ဖြစ် တခြားလူမျိုး နဲ့ အိမ်ထောင်ပြုရင်မွေးလာတဲ့ သားသမီးတွေက ကိုယ့်လူမျိုးထဲမှာ တရာရာခိုင်နှုန်း ဖြစ်တာက အလွန်နည်းပြီး လူမျိုး ခြားဖြစ်သွားတာကများပါတယ်။
ကျနော်တို့ ချင်းပြည်နယ်ရှိ လူမျိုးပေါင်းစုံ မပ,ပျောက်ဖို့ အဓိက လိုအပ်ချက်ဖြစ်သည်၊ မျိုးချစ်စိတ်ကို စာပေအားဖြင့်ပြန်လည် မြှင့်တင်ရပါမယ်။ ယခု အချိန်တွင် ချင်းပြည်နယ်မှာ ချင်းလူမျိုး ချင်းစာပေ ဆိုတာ သီးသန့် ပေါ်ပေါက်လာဖို့အတွက် ကြိုးစားတဲ့ လူတွေက သူတို့ရဲ့မိခင်ဘာသာစကား နှင့် စာပေ ယဉ်ကျေးမှု ကို ချင်းလူမျိုး စွန်းလွတ်နိုင်ကြမှာလား ဘယ်သူမဆို ကိုယ့်မိခင် ဘာသာစကားကို မစွန်းလွတ်နိုင်ကြဘူး၊
ထို့ကြောင့် ဘယ်သူမဆို ကျယ်ကျယ် ပြန့်ပြန့် သင်ကြားပေးခြင်း၊သင်ယူခြင်းဖြင့် လူငယ်များအကြား မိမိ Identity ကို သိရှိလာသည်သာမက အမျိုးစော့င်ထိန်းလိုစိတ်များ ပေါ်ပေါက်လာနိုင်ပါတယ်။
ရိုးရာယဉ်ကျေးမှုများကိုလည်း ပြန်လည်ဖေါ်ထုတ် ထိန်းသိမ်းရပါမယ်။
တချိန်းတည်းမှာပင် မိမိအိမ်တွင်း၌ ဖြစ်စေ အပြင်လောက၌ ဖြစ်စေ ချင်းပြည်နယ် လူအျိုးအချင်းချင်းကြား ချင်းစကား ချင်းလူမျိုး ဆိုတာက ဘယ်သူတွေလည်း ချင်းပြည်နယ်ရှိ လူမျိုးအားလုံးကို ချင်းဟုခေါ် ချင်းပြည်နယ်အတွင်း သုံးကြသော ဘာသာစကား ပေါင်း များစွာထဲက ဘယ်ဘာသာစကားက ချင်းစကားလို့ ခေါ်ကြမှာလဲ၊
ဒါကြောင့် ချင်းပြည်နယ် လူမျိုးစုအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ မိမိတို့ရဲ့ မိခင်ဘာသာစကား ပြောဆိုရန် မရှက်ပါနဲ့။ မိမိရိုးရာယဉ်ကျေးမှုကိုလည်းထိန်းသိမ်းပေးပါ။ စာမတတ်သေးတဲ့ မိမိတို့ လူမျိုးတိုင်း မိမိတို့ လူမျိုးစုစာပေပြန်လည် သင်ယူဖို့ အချိန်တန်နေပါပြီ။
ချင်းလူမျိုးဆိုတာမရှိဘူး ချင်းစာပေ ချင်းစကား ချင်းယဉ်ကျေးမှု တွေကိုမရှိဘူး၊ ဟားခါးက လိုင်မီးက ငါတို့ကချင်း၊ ဖလမ်း လိုင်ဇို က ငါတို့ကချင်း ဇိုမီး က ငါတို့ကချင်း etc ဆိုကြရင် လူမျိုးတမျိုး ရဲ့ဘာသာ စကား ဓလေ့ထုံးတမ်း စာပေ သုံးမည်ဆိုရင် တခြားဘာသာ စကားတွေပပျောက်သွားမည်ဖြစ်သည်။
ဒါကြောင့် သွေးခွဲတဲ့ အကျင့် ဝါဒများ ကိုအဓိက မထားဘဲ ကိုယ့် ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို အသုံးပြုနိုင်ရန်၊ ကိုယ့်ဘာသာစကား လွတ်လပ်စွာ သင်ယူနိုင်ရန်သာ လိုအပ်ပါသည်။
ချင်းပြည်နယ် ဆိုတာဟာ နေရာ ဒေသ နာမည်သာ ဖြစ်၍ ချင်းလူမျိုးမရှိပါ ချင်းပြည်နယ်ထဲ မှာ ဇိုမျိုးနွယ်စု များ ဖြစ်ကြသော လိုင်ဇို, မီးဇို , ဇိုတုန်, ဇိုဖေး , ဇိုမီး etc ( စကားမတူကြပါ)အတူတကွ နေထိုင်ကြပါတယ် ဇိုမျိုးနွယ် များမှာ အိန္ဒိယ နိုင်ငံ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့် မြန်မာနိုင်ငံ တွင် နေထိုင်ကြသည်။
By. ဇိုတာန်